အင်တာနက်အား လူတိုင်းလက်လှမ်းမီစွာဖြင့် အသုံးပြုနိုင်ခွင့်ရရှိစေရန် ဆောင်ရွက်ရမည်။ ထို့အတူ တစ်စုံတစ်ဦး၏ အင်တာနက်အသုံးပြုမှုကို တားဆီးကန့်သတ်မှုများ မပြုလုပ်ရပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အင်တာနက်နှင့် ဒစ်ဂျစ် တယ်ဝန်ဆောင်မှု ချိတ်ဆက်နိုင်ခွင့်အခွင့်အရေးများ ဆုံးရှုံးစေမည့် တားဆီးချန်လှပ်မှုများ မပြုလုပ်ရပါ။

  1. အင်တာနက်အား တန်းတူလက်လှမ်းမီ သုံးစွဲခွင့်သည့် ၂၁ ရာစု၏ လူမှုစီးပွားရေးအခွင့်အလမ်း၊ ပညာရေးနှင့်ဒီမိုက ရေစီလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးသည်။
  2. အင်တာနက်အသုံးပြုမှုသည် နည်းပညာခေတ် လူသားအားလုံး၏ အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် အစိုးရနှင့် ဝန်ဆောင်မှုပေးသူများသည် ပထဝီအနေအထား၊ လူမှုစီးပွားရေးဆိုင်ရာခွဲခြားမှု သို့မဟုတ် အခြားဝိသေသ လက္ခဏာများမခွဲခြားဘဲ အင်တာနက်နှင့်ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ လူတိုင်းတွင် တန်းတူသုံးစွဲခွင့်ရရှိနိုင်ရေးလုပ် ဆောင်ရမည်။
  3. အင်တာနက်အား တန်းတူလက်လှမ်းမီ သုံးစွဲခွင့်ကို အထောက်အပံ့ပေးနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲဒေသများနှင့်ဝေးလံခေါင်ဖျားသောဒေသများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ကိရိယာများပံ့ပိုး ပေးရေးနှင့် ဒစ်ဂျစ်တယ်တတ်မြောက်မှုအား မြှင့်တင်ရေးကဲ့သို့သော ဒစ်ဂျစ်တယ်ကွဲပြားမှုကို ပေါင်းကူးပေးနိုင် မည့်အစီအမံများ ဆောင်ရွက်ရမည်။
  4. အင်တာနက်ဝန်ဆောင်မှုများကို လူတိုင်းတတ်နိုင်ကာ လက်လှမ်းမီ သုံးစွဲနိုင်စေရမည်ဖြစ်ပြီး ကုန်ကျစရိတ်သည် သုံးစွဲရန် အတားအဆီးဖြစ်လာမည်မဟုတ်ကြောင်း သေချာစေရမည်။
  5. အင်တာနက်ဝန်ဆောင်မှု စျေးကွက်အတွင်း လက်ဝါးကြီးအုပ် စျေးကွက်လွှမ်းမိုးမှုများကို တားဆီးကာကွယ်ရမည် ဖြစ်ပြီး ဝင်ငွေနည်းသူများပါ သုံးစွဲခွင့်ရရှိစေရေးအတွက်လိုအပ်သော ထောက်ပံ့ရေးအစီအစဉ်များကို ဖြည့်တင်း ဆောင်ရွက်ရမည်။
Join the discussion

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.