အင်တာနက်ပေါ်မှ သတင်းအချက်အလက်စီးဆင်းမှုများကို အနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်သော တားဆီးဟန့်တား ခြင်း၊ ဝန်ဆောင်မှုအရည်အသွေးကန့်သတ်ခြင်းနှင့် လျော့ချခြင်းများကို မည်သူမျှ မလုပ်ဆောင်ရပါ။
- အစိုးရနှင့်ဝန်ဆောင်မှုပေးသူများသည် သတင်းအချက်အလက်စီးဆင်းမှုအား အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် အင်တာနက်ဆက်သွယ်မှုများကို ကြားဖြတ်ဟန့်တားခြင်း မပြုရပါ။
- ဆက်သွယ်ရေးကွန်ရက်များအား ကြားဖြတ်နှောင့်ယှက်တားဆီးခြင်းသည် လွတ်လပ်စွာဆက်သွယ်ပြောဆိုမှုကို ထိခိုက်စေပြီး ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ရာရောက်သည်။
- သတင်းအချက်အလက်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်သည့် ကြားဖြတ်ဝင်ရောက်မှု ပုံစံမှန်သမျှကိုတားမြစ်ထားသော ဥပဒေလမ်းညွှန်ချက်များနှင့် ကန့်သတ်ချက်များကို ချမှတ်ဆောင်ရွက်ရမည်။
- ဝန်ဆောင်မှုအရည်အသွေးထိန်းသိမ်းခြင်းသည် သုံးစွဲသူ၏ယုံကြည်မှု၊ စီးပွားရေးလုပ်ဆောင်မှုများ နှင့်သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှုအတွက် မရှိမဖြစ်လိုအပ်သည်။
- အထက်ပါမူများအား လိုက်နာမှုရှိမရှိစောင့်ကြည့်ရန် သီးခြားလွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး အသုံးပြုသူများသိရှိနိုင်ရန် အစီရင်ခံစာများထုတ်ပြန်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးကျဆင်းသွားခြင်းအတွက် လျော်ကြေးဆိုင်ရာ စဉ်းစားချက်အပါအဝင် သင့်တော်သည့်အရေးယူမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအ တွက် လုပ်ဆေင်ရမည်။