ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အွန်လိုင်းလွတ်လပ်ခွင့်နှင့် ပုဂ္ဂလိကဆိုင်ရာ လုံခြုံခွင့်တို့ကို  ရည်ရွယ်၍ စုဖွဲ့ထားသည့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ စည်ရုံးရေးအဖွဲများနှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ခြင်း အင်အားဖြင့် စုစည်းပူးပေါင်းထားသောအဖွဲ့တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်ဖိနှိပ်မှု၊ စောင့်ကြည့်မှုနှင့် ဆင်ဆာဖြတ်တောက်မှုများကိုမှ စိုးရွံ့နေစရာ မလိုပဲ သတင်းအချက်အလက် လွတ်လပ်စွာရပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ရရှိနိုင်ရေးကို မြှင့်တင်ရန် ရည်မျှော်ထားပါသည်။

ဆက်သွယ်ရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှုများ နှင့်နေ့စဉ်လူမှုဘဝအတွက် ဒစ်ဂျစ်တယ်ရပ်ဝန်းသည် ပိုမိုအရေးပါလာသော ကမ္ဘာကြီးတွင် ယင်းရပ်ဝန်းအား ကာကွယ်ရေးသည် ယခင်ထက် အရေးကြီး လာပါသည်။ လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်ဆိုင်ရာအခွင့်အရေးများကို လေးစားလိုက်နာ စေရေးအတွက် သိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့်မူဝါဒအပြောင်းအလဲများအား တွန်းအားပေးရန် စိတ်တူကိုယ်တူအုပ်စုများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအတွက် စွမ်းနိုင်သောစင်္ကြန်တစ် ခု ပွင့်လင်းလုံခြုံသော ပလပ်ဖောင်းတစ်ခုအဖြစ် ထင်ကျန်မည့် အနာဂတ်ကို ကျွန်ုပ်တို့ မျှော်ရည်ထားပါသည်။ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်သည် “ မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း” အား လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့် ထောက်ခံအားပေးရန်နှင့်ပံ့ပိုးကူညီနိုင်ရန် ဖန်တီးထားသောနေရာတစ်ခုဖြစ်ပါသည်။  

ဤကြေငြာစာတမ်းအား လက်မှတ်ရေးထိုးခြင်းဖြင့် အားလုံးအတွက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၊ ပုဂ္ဂလိကဆိုင်ရာလုံခြုံခွင့်နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို ကာကွယ်ရန်အတွက် စုပေါင်းဖော်ဆောင် တောင်းဆိုမှုတွင် သင်ပါဝင်နိုင်ပါသည်။ မြန်မာနိုင်ငံအတွက် ဘေးကင်းပြီး လွတ်လပ်သော ဒစ်ဂျစ်တယ်နေရာတစ်ခု ဖန်တီးရန်အတွက် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ရန် သင့်အား ဖိတ်ခေါ်အပ်ပါသည်။

“လွတ်လပ်လုံခြုံသော ဒစ်ဂျစ်တယ်ရပ်ဝန်းတစ်ခုကို အတူတကွ ဖန်တီးကြပါစို့။”

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.