ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုအား လူသားဖြစ်တည်မှုနှင့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာထိခိုက်မှုများ မဖြစ် ပေါ်စေရေး အလေးပေးဆောင်ရွက်ရမည်။
- ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းသည် အင်တာနက်ရပ်ဝန်းအတွက် နည်းပညာအသစ်အသုံးပြုမှုဖြစ်ပြီး ကျယ် ပြန့်လာသော နည်းပညာသစ်တို့၏သဘာဝအတိုင်း အကျိုးနှင့်အပြစ်များ ပူးတွဲပါဝင်နေသည်။
- ထိုသို့အကျိုးအပြစ်များ ပူးတွဲပါဝင်နေသည့်အခြေအနေတွင် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အခြေအနေများအ ပေါ် အနုတ်လက္ခဏာဆောင်သောသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လူသားတို့၏ဖြစ်တည်မှုနှင့်လူအခွင့်အရေး စံနှုန်းများကို မထိခိုက်စေရေး၊ အေအိုင်(AI)စနစ်တစ်ခုဖန်တီးရာတွင် ဖန်တီးသူများအနေဖြင့် ဒစ်ဂျစ်တယ်ကျင့်ဝတ်များကို လေးစားလိုက်နာရေးတို့အတွက် ဤကြေညာစာတမ်းပါ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအချက်အ လက်များဖြင့် ချိန်ညှိဆောင်ရွက်ရမည်။