အမျိုးသမီးများအား ဒစ်ဂျစ်တယ်အခွင့်အရေးများနှင့်ဒစ်ဂျစ်တယ်တန်းတူအကျိုးစီးပွားများ တန်းတူခံစားခွင့်ရရှိစေ ရန် ဖြည့်စွမ်းဆောင်ရွက်ပေးရမည်

အမျိုးသမီးများအား ဒစ်ဂျစ်တယ်အခွင့်အရေးများနှင့်ဒစ်ဂျစ်တယ်တန်းတူအကျိုးစီးပွားများ တန်းတူခံစားခွင့်ရရှိစေ ရန် ဖြည့်စွမ်းဆောင်ရွက်ပေးရမည်

အမျိုးသမီးများအား ဒစ်ဂျစ်တယ်အခွင့်အရေးများနှင့်ဒစ်ဂျစ်တယ်တန်းတူအကျိုးစီးပွားများ တန်းတူခံစားခွင့်ရရှိစေ ရန် ဖြည့်စွမ်းဆောင်ရွက်ပေးရမည်။

  1. ဝင်ငွေနည်းပါးခြင်း၊ ဝေးလံသောဒေသများ၌နေထိုင်ခြင်းကြောင့် အင်တာနက်လက်လှမ်းမှီရေး အခက်အခဲဖြစ်ပေါ် ခြင်းနှင့် အမျိုးသမီးများပိုမိုကြုံတွေ့နိုင်ခြေရှိသော အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ လက်လှမ်းမှီမှုကွာဟချက်များ မရှိစေရန် မူဝါဒထောက်ပံ့ရေးအစီအစဉ်းများ အကောင်အထည်ဖော်ရမည်။
  2. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဘေးကင်စွာသွားလာနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာတက်မြောက်မှုအစီအ စဉ်များကို အမျိုးသမီးများ၏လိုအပ်ချက်ဖြင့် အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲ အကောင်အထည်ဖော်ရမည်။
  3. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း အမျိုးသမီးများ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အခြေအနေများ၊ အင်တာနက်ပေါ်မှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားသည့်ကိစ္စများနှင့် လူကုန်ကူးမှုဆိုင်ရာကိစ္စများကို အကာအကွယ်ပေးနိုင် ရန်နှင့် အရေးယူမှုများဆောင်ရွက်နိုင်ရန် ဥပဒေရှုထောင့်နှင့်နည်းပညာရှုထောင့်နှစ်ရပ်စလုံးမှ လိုအပ်သည့်အစီအမံ များအား လုပ်ဆောင်ရမည်။
  4. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း အမျိုးသမီးများ၏တန်းတူညီမျှမှုအား သေချာစေရန် မူဝါဒများချမှတ်ရာတွင် အမျိုးသ မီးများ၏ပါဝင်နိုင်မှု အခန်းကဏ္ဍများကို တိုးမြှင့်ရမည်။
Join the discussion

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.