ကိုယ်ရေးကိုယ်တာလုံခြုံခွင့်၊ လူ့ဂုဏ်သိက္ခာနှင့်လွတ်လပ်စွာလှုပ်ရှားနိုင်မှုများကို ထိန်းသိမ်းရန်အတွက် လူတစ်ဦးခြင်း (သို့မဟုတ်) လူအများအပေါ် ပစ်မှတ်ထားစောင့်ကြည့်မှုများ မလုပ်ဆောင်ရပါ။
- လူတစ်ဦးခြင်း (သို့မဟုတ်) လူအများအပေါ် ပစ်မှတ်ထားစောင့်ကြည့်မှုများသည် ကိုယ်ရေးကိုယ်တာ၊ လူ့ဂုဏ် သိက္ခာနှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်တို့ကိုထိခိုက်စေပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်များကို ထိခိုက်စေသည်။
- အသုံးပြုသူတစ်ဦးခြင်း၏ ကိုယ်ရေးကိုယ်တာလုံခြုံခွင့်ကို အာမခံနိုင်စေရန် အင်တာနက်ဝန်ဆောင်မှုပေးသူ၊ ဆက် သွယ်ရေးဝန်ဆောင်မှုပေးသူ (သို့မဟုတ်) အဖွဲ့အစည်းများသည် ယင်းတို့က သိမ်းဆည်းပေးထားသောအသုံးပြု သူ၏ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်မရှိစေရ။ ဝန်ဆောင်ပေးသူများအနေဖြင့် ယင်း တို့၏ပိုင်ဆိုင်မှုအဖြစ် မှတ်ယူခြင်း မရှိစေရ။
- အများပြည်သူ၏အကျိုးစီးပွားအား ထိခိုက်စေမည့်အခြေအနေတစ်ခုခုအား ကျူးလွန်သည်ဟု စွပ်စွဲချက်ဖြင့် သက်ဆိုင်ရာဥပဒေတစ်ခုခုအား အသုံးပြု၍အချက်အလက်များကို ဝင်ရောက်ကြည့်ရှုမည်ဟုဆိုသည့်တိုင်အောင် မူလပိုင်ရှင်အား အသိပေးရမည်။