ဒစ်ဂျစ်တယ်အခွင့်အရေးအပေါ် သက်ရောက်မှုရှိလာနိုင်စေသည့် လုပ်ဆောင်ချက်များကိုကာကွယ်ရန် လွတ်လပ်၍အမှီ ခိုကင်းသော အဖွဲ့တစ်ခုထားရှိရမည်။
- ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကာကွယ်ရန်နှင့် ချိုးဖောက်မှုများကို သမာသမတ်ရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအ တွက် လွတ်လပ်၍အမှီခိုကင်းသောအဖွဲ့၏ကဏ္ဍသည် အရေးပါသည်။
- လွတ်လပ်၍အမှီခိုကင်းသောအဖွဲ့အား ဖွဲ့စည်းရာတွင် ဒစ်ဂျစ်တယ်အခွင့်အရေးအား ရှုထောင့်စုံမှသုံးသပ်ကာကွယ် နိုင်ရေးအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးနှင့်အရပ်ဘက်လူ့အဖွဲ့အ စည်းများအပါအဝင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းရမည်
- ယင်းအဖွဲ့သည် ဒစ်ဂျစ်တယ်အခွင့်အရေးများအား ထိခိုက်စေသည့် လှုပ်ရှားမှုများကို စောင့်ကြည့်ရန်၊ စုံစမ်းစစ် ဆေးရန်နှင့်အစီရင်ခံရန်အတွက် ရှင်းလင်းသော လုပ်ပိုင်ခွင့်ရှိရမည်။
- ၎င်းတို့၏တွေ့ရှိချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် ပွင့်လင်းမြင်သာစွာ ပုံမှန်ထုတ်ပြန်ရမည်။