အင်တာနက်ပေါ် တွင် လွတ်လပ်စွာဆက်သွယ်၍ အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခွင့် (သို့မဟုတ်) စုစည်းနိုင်ခွင့် ရှိစေရမည်။
- လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့်ယဥ်ကျေးမှုအပါအဝင် အခြားသောရည်ရွယ်ချက်များအတွက် လွတ်လပ်စွာ စု စည်းခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့ခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီယဉ်ကျေးမှု၏အဓိကကျသော လုပ် ဆောင်ချက်လည်းဖြစ်သည့်အတွက် ယင်းအခွင့်အရေးသည် အွန်လိုင်းပေါ်တွင်လည်း အပြည့်အဝရရှိစေရမည်။
- ယင်းအခွင့်အရေးကို ကာကွယ်နိုင်စေရန်အတွက် အွန်လိုင်းပေါ်မှ စုရုံးမှုနှင့်အသင်းအဖွဲ့ ဖွဲ့စည်းမှုများသည့် ရာဇ ဝတ်မှုမြောက်ခြင်း (သို့မဟုတ်) ကန့်သတ်ခံရခြင်းများ မရှိစေရပါ။
- အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်လည်း အွန်လိုင်းပေါ်မှအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်မှု ကြောင့် လူတစ်ဦးတစ်ယောက်ခြင်းစီအား အနှောင့်အယှက် (သို့မဟုတ်) အပြစ်ဒဏ်ပေးခြင်းများ မပြုလုပ်ရပါ။
- အွန်လိုင်းပေါ်မှ အသင်းအဖွဲ့များနှင့် စုစည်းမှုများတွင် ပါဝင်ခဲ့မှုကြောင့် လက်တုံ့ပြန်မှုနှင့် စောင့်ကြည့်မှုတို့ကို အ ကာအကွယ်ပေးနိုင်ရန်၊ အွန်လိုင်းလှုပ်ရှားမှုများတွင် လွတ်လပ်စွာပါဝင်နိုင်ရန်အတွက် အမည်ဝှက်ဖြင့် ပါဝင်ပိုင်ခွင့် ရှိစေရမည်။
- အင်တာနက်ပေါ်တွင် အသင်းအဖွဲ့ ဖွဲ့ခွင့်နှင့် စုစည်းခွင့်တို့ကို ဆောင်ရွက်နိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ နှင့်ဒစ်ဂျစ်တယ်ကိရိယာများအား လွတ်လပ်စွာ ဝင်ရောက်သုံးစွဲခွင့်ရှိစေရမည်။