အင်တာနက်သုံးစွဲသူတစ်ဦးချင်းစီတိုင်း၏ ပုဂ္ဂလိကဆိုင်ရာအချက်အလက်ကာကွယ်ပိုင်ခွင့်ကို ကာကွယ်မြှင့်တင်ရမည်။
- အင်တာနက်သုံးစွဲသူများ၏အချက်အလက်လုံခြုံရေး (သို့မဟုတ်) ကွန်ရက်မှတစ်ဆင့်အချက်အလက်ပေါက်ကြား မှုများကို ကာကွယ်နိုင်ရေးအတွက် အချက်အလက်သိုဝှက်ခြင်း(Encryption) (သို့မဟုတ်) သိုဝှက်သိမ်းဆည်းခြင်း (Cryptography)နည်းပညာများအပါအဝင် လိုအပ်သော ရုပ်ဝတ္ထုဆိုင်ရာပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် အသုံးချခြင်း ဆိုင်ရာ လုံခြုံရေးအလေ့အကျင့်များအား အသုံးပြုခြင်းသည် မည်သည့်အကြောင်းပြချက်ဖြင့်မျှ ဥပဒေဖောက် ဖျက်ခြင်း မဖြစ်မြောက်စေရပါ။
- အချက်အလက်များကို သိမ်းဆည်းထားသူများအနေဖြင့် အချက်အလက်များကို စုဆောင်းအသုံးပြုပုံ၊ မျှဝေပုံတို့ ကို အသုံးပြုသူအား ရှင်းလင်းစွာဖော်ပြရမည်ဖြစ်ပြီး သဘောတူညီမှု မဖြစ်မနေရယူရမည်။
- အချက်အလက်များအား သိမ်းဆည်းထားသော အဖွဲ့အစည်းများအနေဖြင့် အသုံးပြုသူများ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထုတ်ဖော်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း များကို မပြုလုပ်နိုင်ရန် ခိုင်မာအားကောင်းသော နည်းပညာနှင့်ဥပဒေများကိုအသုံးပြု၍ အကာအကွယ်များ ဆောင် ရွက်ထားရှိရမည်။