အင်တာနက်ရပ်ဝန်းပေါ်တွင် မည်သည့်ဖြစ်တည်မှုကိုမျှ ခွဲခြားခြင်းမရှိပဲ တူညီသောတန်းတူအခွင့်အရေးများ ရရှိနိုင် အောင် ဖန်တီးရမည်။

  1. အင်တာနက်ရပ်ဝန်းတွင် တန်းတူညီမျှခွင့်အား အာမခံခြင်းသည် ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံ အခြေချနေထိုင် ရာဒေသအတွက် လူမှုရေးဆိုင်ရာပေါင်းစည်းမှု၊ သဟဇာတဖြစ်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးအား အပြည့် အဝကောင်အထည်ဖော်မှုတို့ကို မြှင့်တင်ရာရောက်သည်။
  2. လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကား၊ အသားအရောင်၊ နေရာဒေသ၊ လိင်စိတ်တိမ်းညွှတ်မှု စသည့် မည် သည့်ဖြစ်တည်မှုကိုမျှ အင်တာနက်ရပ်ဝန်းအတွင်း ခွဲခြားမှုမရှိခြင်းသည် ယဉ်ကျေးမှုဖလှယ်မှုနှင့် မတူကွဲပြားသော ရှုထောင့်အမြင်တို့ကို လက်ခံနိုင်သည့်လူမှုအဖွဲ့အစည်းတစ်ရပ်တည်ထောင်ရေးအတွက် ပဓာနကျသည်။
  3. အင်တာနက်ကွန်ရက်စီမံခန့်ခွဲမှုအတွင်း သုံးစွဲသူများအား ခွဲခြားဆက်ဆံမှုများကိုဟန့်တားရန်နှင့် အင်တာနက်အသုံး ပြုသူအားလုံးကို တရားမျှတပြီး တန်းတူညီမျှ ဆက်ဆံမှုရှိစေရန်အတွက် စည်းမျဥ်းစည်းကမ်းများကို အကောင်အ ထည်ဖော်ရမည်။ 
  4. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ခွဲခြားဆက်ဆံခံရမှုတို့ကို ကာကွယ်နိုင်ရန်နှင့်တန်းတူညီမျှသော အခွင့်အရေးရရှိမှုကို သေချာစေရန် အစိုးရနှင့်ဝန်ဆောင်မှုပေးသူများသည် လူနည်းစုလူမျိုးစုများအပါအဝင် ကွဲပြားမှုတစ်ခုခုကြောင့် အ ဖယ်ကျဉ်ခံလူ့အဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်ပါဝင်နိုင်မှုကို အားပေးမြှင့်တင်နိုင်သောမူဝါဒများ အစီအစဉ်များကို အကောင်အထည်ဖော်ရမည်။
Join the discussion

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.