အင်တာနက်ပေါ်တွင် လူတစ်ဦးခြင်းစီ၏မူရင်းတီထွင်မှု၊ ဖန်တီးမှု၊ ကြံဆမှုနှင့် ဆန်းသစ်ထားသောဉာဏမူပိုင်ခွင့်များ အား ကာကွယ်မြှင့်တင်ရမည်ဖြစ်ပြီး ယင်းတီထွင်ဖန်တီးမှုများကို အင်တာနက်ဝန်ဆောင်မှုပေးသူနှင့်ကွန်ရက်ဝန်ဆောင်မှု ပေးသူများအပါအဝင် မူရင်းဖန်တီးသူမဟုတ်သော မည်သူတစ်ဦးတစ်ယောက်ကမျှ ပိုင်ဆိုင်ခွင့်မရှိစေရပါ။
- ဉာဏပစ္စည်းမူပိုင်ခွင့်များအား အသိအမှတ်ပြုခြင်းနှင့်ကာကွယ်ခြင်းသည် တီထွင်ဖန်တီးမှုနှင့်ဆန်းသစ်တီထွင်မှု များကို အားပေးရာရောက်စေသည်။
- အင်တာနက်ပေါ်တွင် လူတစ်ဦးချင်းစီမှဖန်တီးထားသော တီထွင်ဆန်းသစ်မှုများသည် မူလဖန်တီးသူများ၏ပိုင်ဆိုင် မှုအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုပေးသူများ(ISP)နှင့် ကွန်ရက်ဝန်ဆောင်မှုပေးသူ များ(NSPs)အပါအဝင် အခြားမည်သည့်အစုအဖွဲ့၊ တစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခြင်း မရှိစေရပါ။
- ဤအခြေခံမူများသည် လူတစ်ဦးချင်းစီ၏ တီထွင်ဆန်းသစ်မှုများနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို အင်တာနက်ပေါ် တွင် အကာအကွယ်ပေးနိုင်ရန် ခိုင်မာအားကောင်းသည့်ဥပဒေများအား အကောင်အထည်ဖော်ရမည်။