ပင်မစာမျက်နာ

ရည်ရွယ်ချက်

မျက်မှောက်နိုင်ငံရေးအရွေ့အတွင်း အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးအတွက် သက်ဆိုင်ရာနေရာဒေသ၊ ကျရာကဏ္ဍမှတာဝန် ထမ်းဆောင်နေကြသော နိုင်ငံရေးအင်အားစုများနှင့်တော်လှန်ရေးအစုအဖွဲ့များအပါအဝင် အစုအဖွဲ့အားလုံးသည် အင်တာနက် ဆက်သွယ်ရေးနည်းပညာ၏တန်ဖိုးကို အပြည့်အဝနားလည်ကြောင်း မိမိတို့အနေဖြင့် ယုံကြည်သည်။ အင်တာနက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ပိတ်ပင်ခံရမှုနှင့်ကန့်သတ်မှုများကြောင့် ဒေသအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်နိုင်သည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးအင်အားစုများနှင့်တော်လှန်အရေးအစုအဖွဲ့များအပါအဝင် အစုအဖွဲ့အားလုံးသည် ယနေ့နိုင်ငံ ရေးအခင်းအကျင်းကာလအတွင်း မိမိတို့၏စိုးမိုးနယ်မြေများတွင်လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌ ပေါ်ထွန်း မြင်တွေ့ရမည့် နိုင်ငံသစ်တွင်လည်းကောင်း၊ အင်တာနက်နှင့်ဆက်သွယ်ရေးနည်းပညာရပ်ဝန်းဖြင့် သက်ဆိုင်သည့်မူဝါဒများ ရေးဆွဲ အကောင်အထည်ဖော်ရာတွင်

  1. (၁) ဒေသခံလူထုအနေဖြင့် အင်တာနက်အသုံးပြုမှု အပြည့်အဝရရှိနိုင်ရေး
    (၂) ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အင်တာနက်မူဝါဒများ ဖြစ်ပေါ်နိုင်ရေး
    (၃) နိုင်ငံတကာစံနှုန်းများနှင့်တစ်ပြေးညီရှိသော အင်တာနက်အခွင့်အရေးများဖြင့်ချိန်ညှိထားနိုင်သော ဒစ်ဂျစ်တယ် ရပ်ဝန်းဆိုင်ရာဥပဒေများ ဖြစ်ပေါ်လာနိုင်ရေး
    (၄) လွတ်လပ်လုံခြုံ၍ တရားဥပဒေစိုးမိုးသော ဒစ်ဂျစ်တယ်ရပ်ဝန်းတစ်ခုအား ပံ့ပိုးပေးနိုင်ရေး နှင့်
    (၅) ဒစ်ဂျစ်တယ်နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာရေးအတွက် လိုအပ်သောဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်ရေး
  2. စသည့် “စံ-ပေတံ”တစ်ခုဖန်တီးနိုင်ရေးအတွက် “မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ကြေညာစာတမ်း”ကို အကောင်အထည်ဖော်ကြ ခြင်း ဖြစ်ပါသည်။
  1. အင်တာနက်ဆိုင်းငံ့/ပိတ်ပင်မှုသည် လူတစ်ဦးချင်းစီ၏လွတ်လပ်မှု၊ ဒီမိုကရေစီပါဝင်မှုနှင့် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများအပေါ်  ပြင်းထန်သည့်သက်ရောက်မှုများ ဖြစ်စေသည်။ 
  2. အစိုးရနှင့်ဝန်ဆောင်မှုပေးသူများသည် အင်တာနက်ဆက်သွယ်မှုအား အနှောင့်အယှက်ပေးခြင်း (သို့မဟုတ်) ပိတ်ဆို့ခြင်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရပါ။
  3. အင်တာနက်လွတ်လပ်စွာသုံးစွဲခွင့်သည် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကဲ့သို့သော အခြေခံအခွင့်အရေးများကို ကျင့်သုံးရန်အတွက် အရေးကြီးသည်။
  4. လူတစ်ဦးချင်းစီ၏အင်တာနက်အသုံးပြုခွင့်နှင့် ယင်းအားဆုံးရှုံးစေသော မတရားကန့်သတ်ချက်များ သို့မဟုတ် ချန်လှပ်ထားခြင်းများ မရှိစေရပါ။
  5. အင်တာနက်ပိတ်ပင်မှုဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက စောင့်ကြည့်ရန်နှင့်မူဝါဒအားဖြင့် အင်တာနက်အသုံးပြုမှုအား အကာအကွယ်ပေးနိုင်ရန် သီးခြားလွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. အစိုးရနှင့်ဝန်ဆောင်မှုပေးသူများသည် သတင်းအချက်အလက်စီးဆင်းမှုအား အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အင်တာနက်ဆက်သွယ်မှုများကို ကြားဖြတ်ဟန့်တားခြင်း မပြုရပါ။
  2. ဆက်သွယ်ရေးကွန်ရက်များအား ကြားဖြတ်နှောင့်ယှက်တားဆီးခြင်းသည်  လွတ်လပ်စွာဆက်သွယ်ပြောဆိုမှုကို ထိခိုက်စေပြီး ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ရာရောက်သည်။
  3. သတင်းအချက်အလက်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်သည့် ကြားဖြတ်ဝင်ရောက်မှု ပုံစံမှန်သမျှကိုတားမြစ်ထားသော ဥပဒေလမ်းညွှန်ချက်များနှင့် ကန့်သတ်ချက်များကို ချမှတ်ဆောင်ရွက်ရမည်။ 
  4. ဝန်ဆောင်မှုအရည်အသွေးထိန်းသိမ်းခြင်းသည် သုံးစွဲသူ၏ယုံကြည်မှု၊ စီးပွားရေးလုပ်ဆောင်မှုများနှင့် သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှုအတွက် မရှိမဖြစ်လိုအပ်သည်။ 
  5. အထက်ပါမူများအား လိုက်နာမှုရှိမရှိစောင့်ကြည့်ရန် သီးခြားလွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး အသုံးပြုသူများသိရှိနိုင်ရန် အစီရင်ခံစာများထုတ်ပြန်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးကျဆင်းသွားခြင်းအတွက် လျော်ကြေးဆိုင်ရာ စဉ်းစားချက်အပါအဝင် သင့်တော်သည့်အရေးယူမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် လုပ်ဆောင်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. အင်တာနက်အား တန်းတူလက်လှမ်းမီ သုံးစွဲခွင့်သည့် ၂၁ ရာစု၏ လူမှုစီးပွားရေးအခွင့်အလမ်း၊ ပညာရေးနှင့်ဒီမိုက ရေစီလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးသည်။
  2. အင်တာနက်အသုံးပြုမှုသည် နည်းပညာခေတ် လူသားအားလုံး၏ အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် အစိုးရနှင့် ဝန်ဆောင်မှုပေးသူများသည် ပထဝီအနေအထား၊ လူမှုစီးပွားရေးဆိုင်ရာခွဲခြားမှု သို့မဟုတ် အခြားဝိသေသ လက္ခဏာများမခွဲခြားဘဲ အင်တာနက်နှင့်ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ လူတိုင်းတွင် တန်းတူသုံးစွဲခွင့်ရရှိနိုင်ရေးလုပ် ဆောင်ရမည်။
  3. အင်တာနက်အား တန်းတူလက်လှမ်းမီ သုံးစွဲခွင့်ကို အထောက်အပံ့ပေးနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲဒေသများနှင့်ဝေးလံခေါင်ဖျားသောဒေသများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ကိရိယာများပံ့ပိုး ပေးရေးနှင့် ဒစ်ဂျစ်တယ်တတ်မြောက်မှုအား မြှင့်တင်ရေးကဲ့သို့သော ဒစ်ဂျစ်တယ်ကွဲပြားမှုကို ပေါင်းကူးပေးနိုင် မည့်အစီအမံများ ဆောင်ရွက်ရမည်။
  4. အင်တာနက်ဝန်ဆောင်မှုများကို လူတိုင်းတတ်နိုင်ကာ လက်လှမ်းမီ သုံးစွဲနိုင်စေရမည်ဖြစ်ပြီး ကုန်ကျစရိတ်သည် သုံးစွဲရန် အတားအဆီးဖြစ်လာမည်မဟုတ်ကြောင်း သေချာစေရမည်။
  5. အင်တာနက်ဝန်ဆောင်မှု စျေးကွက်အတွင်း လက်ဝါးကြီးအုပ် စျေးကွက်လွှမ်းမိုးမှုများကို တားဆီးကာကွယ်ရမည် ဖြစ်ပြီး ဝင်ငွေနည်းသူများပါ သုံးစွဲခွင့်ရရှိစေရေးအတွက်လိုအပ်သော ထောက်ပံ့ရေးအစီအစဉ်များကို ဖြည့်တင်း ဆောင်ရွက်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. အင်တာနက်ရပ်ဝန်းတွင် တန်းတူညီမျှခွင့်အား အာမခံခြင်းသည် ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံ အခြေချနေထိုင်ရာဒေသအတွက် လူမှုရေးဆိုင်ရာပေါင်းစည်းမှု၊ သဟဇာတဖြစ်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးအား အပြည့် အဝကောင်အထည်ဖော်မှုတို့ကို မြှင့်တင်ရာရောက်သည်။
  2. လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကား၊ အသားအရောင်၊ နေရာဒေသ၊ လိင်စိတ်တိမ်းညွှတ်မှု စသည့် မည် သည့်ဖြစ်တည်မှုကိုမျှ အင်တာနက်ရပ်ဝန်းအတွင်း ခွဲခြားမှုမရှိခြင်းသည် ယဉ်ကျေးမှုဖလှယ်မှုနှင့် မတူကွဲပြားသော ရှုထောင့်အမြင်တို့ကို လက်ခံနိုင်သည့်လူမှုအဖွဲ့အစည်းတစ်ရပ်တည်ထောင်ရေးအတွက် ပဓာနကျသည်။
  3. အင်တာနက်ကွန်ရက်စီမံခန့်ခွဲမှုအတွင်း သုံးစွဲသူများအား ခွဲခြားဆက်ဆံမှုများကိုဟန့်တားရန်နှင့် အင်တာနက်အသုံးပြုသူအားလုံးကို တရားမျှတပြီး တန်းတူညီမျှ ဆက်ဆံမှုရှိစေရန်အတွက် စည်းမျဥ်းစည်းကမ်းများကို အကောင်အ ထည်ဖော်ရမည်။ 
  4. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ခွဲခြားဆက်ဆံခံရမှုတို့ကို ကာကွယ်နိုင်ရန်နှင့်တန်းတူညီမျှသော အခွင့်အရေးရရှိမှုကို သေချာစေရန် အစိုးရနှင့်ဝန်ဆောင်မှုပေးသူများသည် လူနည်းစုလူမျိုးစုများအပါအဝင် ကွဲပြားမှုတစ်ခုခုကြောင့် အဖယ်ကျဉ်ခံလူ့အဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်ပါဝင်နိုင်မှုကို အားပေးမြှင့်တင်နိုင်သောမူဝါဒများ အစီအစဉ်များကို အကောင်အထည်ဖော်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံလူ့အခွင့်အရေးတစ်ခုအဖြစ် နိုင်ငံတကာကအသိအမှတ်ပြု ထားသည်ဖြစ်ရာ ယင်းအခွင့်အရေးကို သေချာစေရန်အတွက် အင်တာနက်ပေါ်မှသတင်းအချက်အလက်ရယူပိုင် ခွင့်နှင့် အပြန်အလှန်မျှဝေခွင့်တို့သည် မည်သည့်အနှောင့်အယှက်အဟန့်အတားမျှ မရှိပဲ လုပ်ဆောင်နိုင်စေရမည်။
  2. အင်တာနက်ပေါ်ရှိ လူတစ်ဦးခြင်းစီ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့်မျှဝေခွင့်များအား ထိခိုက်စေသည့် ဆင်ဆာဖြတ်တောက်မှု၊ ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးနှင့် စောင့်ကြည့်မှုပုံစံအမျိုးမျိုးတို့ကို ကာကွယ်ရမည်။
  3. မတူကွဲပြားသည့်အသံများအား မျှဝေလက်ခံခြင်းသည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်၍ သတင်းအချက်အ လက် လွတ်လပ်စွာစီးဆင်းနိုင်မည့် ပွင့်လင်းမြင်သာသော ဒစ်ဂျစ်တယ်နေရာများကို ဖန်တီးထိန်းသိမ်းရန် ဆောင်ရွက်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့်ယဥ်ကျေးမှုအပါအဝင် အခြားသောရည်ရွယ်ချက်များအတွက် လွတ်လပ်စွာ စု စည်းခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့ခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီယဉ်ကျေးမှု၏အဓိကကျသော လုပ် ဆောင်ချက်လည်းဖြစ်သည့်အတွက် ယင်းအခွင့်အရေးသည် အွန်လိုင်းပေါ်တွင်လည်း အပြည့်အဝရရှိစေရမည်။
  2. ယင်းအခွင့်အရေးကို ကာကွယ်နိုင်စေရန်အတွက် အွန်လိုင်းပေါ်မှ စုရုံးမှုနှင့်အသင်းအဖွဲ့ ဖွဲ့စည်းမှုများသည့် ရာဇ ဝတ်မှုမြောက်ခြင်း (သို့မဟုတ်) ကန့်သတ်ခံရခြင်းများ မရှိစေရပါ။
  3. အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်လည်း အွန်လိုင်းပေါ်မှအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်မှု ကြောင့် လူတစ်ဦးတစ်ယောက်ခြင်းစီအား အနှောင့်အယှက် (သို့မဟုတ်) အပြစ်ဒဏ်ပေးခြင်းများ မပြုလုပ်ရပါ။
  4. အွန်လိုင်းပေါ်မှ အသင်းအဖွဲ့များနှင့် စုစည်းမှုများတွင် ပါဝင်ခဲ့မှုကြောင့် လက်တုံ့ပြန်မှုနှင့် စောင့်ကြည့်မှုတို့ကို အ ကာအကွယ်ပေးနိုင်ရန်၊ အွန်လိုင်းလှုပ်ရှားမှုများတွင် လွတ်လပ်စွာပါဝင်နိုင်ရန်အတွက် အမည်ဝှက်ဖြင့် ပါဝင်ပိုင်ခွင့် ရှိစေရမည်။
  5. အင်တာနက်ပေါ်တွင် အသင်းအဖွဲ့ ဖွဲ့ခွင့်နှင့် စုစည်းခွင့်တို့ကို ဆောင်ရွက်နိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ နှင့်ဒစ်ဂျစ်တယ်ကိရိယာများအား လွတ်လပ်စွာ ဝင်ရောက်သုံးစွဲခွင့်ရှိစေရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကာကွယ်ရန်နှင့် ချိုးဖောက်မှုများကို သမာသမတ်ရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအ တွက် လွတ်လပ်၍အမှီခိုကင်းသောအဖွဲ့၏ကဏ္ဍသည် အရေးပါသည်။
  2. လွတ်လပ်၍အမှီခိုကင်းသောအဖွဲ့အား ဖွဲ့စည်းရာတွင် ဒစ်ဂျစ်တယ်အခွင့်အရေးအား ရှုထောင့်စုံမှသုံးသပ်ကာကွယ် နိုင်ရေးအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးနှင့်အရပ်ဘက်လူ့အဖွဲ့အ စည်းများအပါအဝင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းရမည်
  3. ယင်းအဖွဲ့သည် ဒစ်ဂျစ်တယ်အခွင့်အရေးများအား ထိခိုက်စေသည့် လှုပ်ရှားမှုများကို စောင့်ကြည့်ရန်၊ စုံစမ်းစစ် ဆေးရန်နှင့်အစီရင်ခံရန်အတွက် ရှင်းလင်းသော လုပ်ပိုင်ခွင့်ရှိရမည်။
  4. ၎င်းတို့၏တွေ့ရှိချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် ပွင့်လင်းမြင်သာစွာ ပုံမှန်ထုတ်ပြန်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်လွတ်လပ်စွာအတွေးအမြင်ဖလှယ်ခွင့်များသည့် ဒီမိုကရေစီ၏အခြေ ခံအုတ်မြစ်ဖြစ်ပြီး ယင်းအား ရာဇဝတ်ဆိုင်ရာပြစ်မှုအဖြစ် ရှုမြင်ခြင်းသည် ကျိုးကြောင်းဆီလျှော်မှု မရှိပါ။
  2. လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အတွက် ခေတ်နှင့်လျော်ညီခြင်းမရှိသော ဥပဒေများကို ပြန်လည်ဖွင့်ဆို ခြင်းနှင့် အစားထိုးပြင်ဆင်ခြင်းများပြုလုပ်ရာတွင် သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန်၊ အားနည်းသူများ၏အသံ များကို ပျောက်ကွယ်သွားစေရန်နှင့် အုပ်ချုပ်သူများ၏မလျော်ဩဇာကို မြှင့်တင်ရန်အတွက် မဖြစ်စေရပါ။

ဝင်ရောက်ဆွေးနွေးပါ

  1. အင်တာနက်သုံးစွဲသူများ၏အချက်အလက်လုံခြုံရေး (သို့မဟုတ်) ကွန်ရက်မှတစ်ဆင့်အချက်အလက်ပေါက်ကြား မှုများကို ကာကွယ်နိုင်ရေးအတွက် အချက်အလက်သိုဝှက်ခြင်း(Encryption) (သို့မဟုတ်) သိုဝှက်သိမ်းဆည်းခြင်း (Cryptography)နည်းပညာများအပါအဝင် လိုအပ်သော ရုပ်ဝတ္ထုဆိုင်ရာပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် အသုံးချခြင်း ဆိုင်ရာ လုံခြုံရေးအလေ့အကျင့်များအား အသုံးပြုခြင်းသည် မည်သည့်အကြောင်းပြချက်ဖြင့်မျှ ဥပဒေဖောက် ဖျက်ခြင်း မဖြစ်မြောက်စေရပါ။
  2. အချက်အလက်များကို သိမ်းဆည်းထားသူများအနေဖြင့် အချက်အလက်များကို စုဆောင်းအသုံးပြုပုံ၊ မျှဝေပုံတို့ ကို အသုံးပြုသူအား ရှင်းလင်းစွာဖော်ပြရမည်ဖြစ်ပြီး သဘောတူညီမှု မဖြစ်မနေရယူရမည်။
  3. အချက်အလက်များအား သိမ်းဆည်းထားသော အဖွဲ့အစည်းများအနေဖြင့် အသုံးပြုသူများ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထုတ်ဖော်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း များကို မပြုလုပ်နိုင်ရန် ခိုင်မာအားကောင်းသော နည်းပညာနှင့်ဥပဒေများကိုအသုံးပြု၍ အကာအကွယ်များ ဆောင် ရွက်ထားရှိရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. လူတစ်ဦးခြင်း (သို့မဟုတ်) လူအများအပေါ် ပစ်မှတ်ထားစောင့်ကြည့်မှုများသည် ကိုယ်ရေးကိုယ်တာ၊ လူ့ဂုဏ် သိက္ခာနှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်တို့ကိုထိခိုက်စေပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်များကို ထိခိုက်စေသည်။
  2. အသုံးပြုသူတစ်ဦးခြင်း၏ ကိုယ်ရေးကိုယ်တာလုံခြုံခွင့်ကို အာမခံနိုင်စေရန် အင်တာနက်ဝန်ဆောင်မှုပေးသူ၊ ဆက် သွယ်ရေးဝန်ဆောင်မှုပေးသူ (သို့မဟုတ်) အဖွဲ့အစည်းများသည် ယင်းတို့က သိမ်းဆည်းပေးထားသောအသုံးပြု သူ၏ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်မရှိစေရ။ ဝန်ဆောင်ပေးသူများအနေဖြင့် ယင်း တို့၏ပိုင်ဆိုင်မှုအဖြစ် မှတ်ယူခြင်း မရှိစေရ။
  3. အများပြည်သူ၏အကျိုးစီးပွားအား ထိခိုက်စေမည့်အခြေအနေတစ်ခုခုအား ကျူးလွန်သည်ဟု စွပ်စွဲချက်ဖြင့် သက်ဆိုင်ရာဥပဒေတစ်ခုခုအား အသုံးပြု၍အချက်အလက်များကို ဝင်ရောက်ကြည့်ရှုမည်ဟုဆိုသည့်တိုင်အောင် မူလပိုင်ရှင်အား အသိပေးရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. ဉာဏပစ္စည်းမူပိုင်ခွင့်များအား အသိအမှတ်ပြုခြင်းနှင့်ကာကွယ်ခြင်းသည် တီထွင်ဖန်တီးမှုနှင့်ဆန်းသစ်တီထွင်မှု များကို အားပေးရာရောက်စေသည်။
  2. အင်တာနက်ပေါ်တွင် လူတစ်ဦးချင်းစီမှဖန်တီးထားသော တီထွင်ဆန်းသစ်မှုများသည် မူလဖန်တီးသူများ၏ပိုင်ဆိုင် မှုအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုပေးသူများ(ISP)နှင့် ကွန်ရက်ဝန်ဆောင်မှုပေးသူ များ(NSPs)အပါအဝင် အခြားမည်သည့်အစုအဖွဲ့၊ တစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခြင်း မရှိစေရပါ။
  3. ဤအခြေခံမူများသည် လူတစ်ဦးချင်းစီ၏ တီထွင်ဆန်းသစ်မှုများနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို အင်တာနက်ပေါ် တွင် အကာအကွယ်ပေးနိုင်ရန် ခိုင်မာအားကောင်းသည့်ဥပဒေများအား အကောင်အထည်ဖော်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. ဝင်ငွေနည်းပါးခြင်း၊ ဝေးလံသောဒေသများ၌နေထိုင်ခြင်းကြောင့် အင်တာနက်လက်လှမ်းမှီရေး အခက်အခဲဖြစ်ပေါ် ခြင်းနှင့် အမျိုးသမီးများပိုမိုကြုံတွေ့နိုင်ခြေရှိသော အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ လက်လှမ်းမှီမှုကွာဟချက်များ မရှိစေရန် မူဝါဒထောက်ပံ့ရေးအစီအစဉ်းများ အကောင်အထည်ဖော်ရမည်။
  2. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဘေးကင်စွာသွားလာနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာတက်မြောက်မှုအစီအ စဉ်များကို အမျိုးသမီးများ၏လိုအပ်ချက်ဖြင့် အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲ အကောင်အထည်ဖော်ရမည်။
  3. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း အမျိုးသမီးများ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အခြေအနေများ၊ အင်တာနက်ပေါ်မှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားသည့်ကိစ္စများနှင့် လူကုန်ကူးမှုဆိုင်ရာကိစ္စများကို အကာအကွယ်ပေးနိုင် ရန်နှင့် အရေးယူမှုများဆောင်ရွက်နိုင်ရန် ဥပဒေရှုထောင့်နှင့်နည်းပညာရှုထောင့်နှစ်ရပ်စလုံးမှ လိုအပ်သည့်အစီအမံ များအား လုပ်ဆောင်ရမည်။
  4. ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း အမျိုးသမီးများ၏တန်းတူညီမျှမှုအား သေချာစေရန် မူဝါဒများချမှတ်ရာတွင် အမျိုးသ မီးများ၏ပါဝင်နိုင်မှု အခန်းကဏ္ဍများကို တိုးမြှင့်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. အွန်လိုင်းပေါ်တွင် ကလေးသူငယ်များ ဘေးကင်းစွာသွားလာနိုင်ရန် ကလေးသူငယ်များအတွက် ရည်ရွယ်ရေးဆွဲ ထားသော ဒစ်ဂျစ်တယ်တက်မြောက်မှုဆိုင်ရာ သင်ခန်းစာများကို တိုးမြှင့်ဖြန့်ဝေရမည်။
  2. အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်များအား လူမှောင်ခိုကူးရန်အပါအဝင် ရာဇဝတ်မှုဆိုင်ရာကျူးလွန်မှုများအား ဟန့်တားနိုင်ရန် ခိုင်မာသောဥပဒေမူဘောင်များ အကောင်အထည်ဖော်ရမည်။
  3. အွန်လိုင်းပေါ်တွင် ကလေးသူငယ်များအား လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုများပြုလုပ်မှုတို့ကို စောင့် ကြည့်ရှာဖွေ ဖော်ထုတ်မှုများပြုလုပ်ရန် နည်းပညာဆိုင်ရာအစီအမံများကို တိုးမြှင့်လုပ်ဆောင်ရမည်။
  4. ကလေးသူငယ်များအနေဖြင့် အွန်လိုင်းပေါ်တွင် သွားလာလှုပ်ရှားမှုများပြုလုပ်ရင်း ထိခိုက်သွားသည့်အခြေအနေ များတွင် ကုစားမှုများပြုလုပ်ရန် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကုစားရေးအစီအစဉ်များကိုလည်း လုပ်ဆောင် ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. အင်တာနက်ပေါ်ရှိ ဝန်ဆောင်မှုများအတွက် ဒီဇိုင်းရေးဆွဲရာတွင် မသန်စွမ်းသူများအသုံးပြုခွင့်ရကြောင်း သေချာ စေရန်(WCAG)ကဲ့သို့သော အသိအမှတ်ပြုစံနှုန်းများကို လိုက်နာရမည်။
  2. မသန်စွမ်းသူများ၏ နည်းပညာသုံးစွဲမှုကို အထောက်အပံ့ပြုနိုင်သည့် နည်းပညာဆိုင်ရာတီထွင်မှုများကို ပံ့ပိုးပေးရ မည်။
  3. မသန်စွမ်းသူများအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဒစ်ဂျစ်တယ်နည်းပညာတက်မြောက်ရေး သင်ခန်းစာများနှင့် ပရိုဂရမ်များကို အကောင်အထည်ဖော်ဆောင်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

  1. ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းသည် အင်တာနက်ရပ်ဝန်းအတွက် နည်းပညာအသစ်အသုံးပြုမှုဖြစ်ပြီး ကျယ် ပြန့်လာသော နည်းပညာသစ်တို့၏သဘာဝအတိုင်း အကျိုးနှင့်အပြစ်များ ပူးတွဲပါဝင်နေသည်။
  2. ထိုသို့အကျိုးအပြစ်များ ပူးတွဲပါဝင်နေသည့်အခြေအနေတွင် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အခြေအနေများအ ပေါ် အနုတ်လက္ခဏာဆောင်သောသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လူသားတို့၏ဖြစ်တည်မှုနှင့်လူအခွင့်အရေး စံနှုန်းများကို မထိခိုက်စေရေး၊ အေအိုင်(AI)စနစ်တစ်ခုဖန်တီးရာတွင် ဖန်တီးသူများအနေဖြင့် ဒစ်ဂျစ်တယ်ကျင့်ဝတ်များကို လေးစားလိုက်နာရေးတို့အတွက် ဤကြေညာစာတမ်းပါ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအချက်အ လက်များဖြင့် ချိန်ညှိဆောင်ရွက်ရမည်။

ဝင်ရောက်ဆွေးနွေးပါ

signature iconစုစုပေါင်းလက်မှတ်များ : 14

လက်မှတ်ရေးထိုးရန်

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.